Thursday, December 27, 2007

ဖိလစ်ကျွန်းနဲ့ဖျံကျောက်ဆောင်









ဖိလစ်ကျွန်းနဲ့ဖျံကျောက်ဆောင်

ဖိလစ်ကျွန်းဆိုတာကမဲလ်ဘန်းမြိုံ့နဲ့၁၄၀ကီလို မီတာအကွာဝေးလောက်မှာရှိတဲ့ကျွန်းလေးတကျွန်းဖြစ်ပါတယ်၊ဧရိယာအကျယ်အဝန်းကတော့

အလျား၂၆ကီလိုမီတာနဲ့အနံ၉ကီလိုမီတာပဲကျယ်ဝန်းတဲ့ကျွန်းလေးပဲဖြစ်ပါတယ်၊လူဦးရေက တော့အမြဲတမ်းနေထိုင်တဲ့သူ၆၇၀၀ပဲရှိပြီး၊နွေရာသီမှာတော့လူ၄၀၀၀၀အထိသွားရောက်နေထိုင်ကြပါတယ်။

မဲလ်ဘန်းမြိုံ့နဲ့သိပ်မဝေးတဲ့အတွက်နွေရာသီဆိုရင်အပန်းဖြေသွားတဲ့သူများပါတယ်။အများအား

ဖြင့်ကတော့ Penguin Parade လို့ခေါ်တဲ့ပင့်ဂွင်းလေးတွေအိပ်တန်းပြန်တာကိုစောင့်ကြည့်ဖို့

အတွက်သွားကြတာများပါတယ်၊ဒီတခေါက်ကတော့Seal Rock လို့ခေါ်တဲ့ဖျံတွေကျက်စားနေထိုင်တဲ့ကျောက်ဆောင်တွေရှိရာကိုသွားရောက်ခဲ့ပါတယ်၊

ဖိလစ်ကျွန်းရဲ့မြောက်ဖက်မှာရှိတဲ့Cowes ဆိုတဲ့မြိုလေးကနေကျွန်းရဲ့အနောက်တောင်ဘက်ကိုမော်တော်နဲ့သွားရတာဖြစ်ပါတယ်၊

အသွား၄၅မိနစ်ကြာပြီးတော့၊ ဖျံကျောက်ဆောင်တွေနေရာမှာနာရီဝက်လောက်သဘော်ကိုလှည့်ပတ်ပြီးပြပါတယ်၊ ဖျံတွေကိုတကောင်စ၊နှစ်ကောင်စအရင်တုန်းကတွေ့ဘူးတဲ့သူတွေတောင်အခုလိုအကောင်

၅၀၀၀၊၆၀၀၀လောက်ရှိတဲ့ဖျံတွေကိုတနေရာထဲမှာတွေ့.လိုက်ရတော့မအံ့သြပဲမနေနိုင်ကြပါ၊


သဘော်နဲ့လိုက်ပြတဲ့အဖွဲကလည်းဖျံတွေရဲ့သဘာဝကိုရှင်းပြပါတယ်။နာရီဝက်လောက် ကျောက်ဆောင်တွေပေါ်မှာနေပူလှန်းနေတဲ့ဖျံ၊အိပ်နေတဲ့ဖျံ၊ရေထဲမှာအချင်းချင်းဆော့ကစားနေတဲ့ဖျံတွေ


ကိုလေ့လာ၊ဓတ်ပုံရိုက်ပြီးတော့သဘော်ဟာ Cowes မြို့ဆီသို့ပြန်လည့်ခဲ့ပါတယ်၊အပြန်ခရီးလည်းအသွားတုန်းကလို၄၅မိနစ်ခုတ်မောင်းရပါတယ်၊

သဘော်ပေါ်မှာကော်ဖီနဲ့မုန့်တိုက်ကြွေးပါသေးတယ်၊









သဘော်ခကတော့လူကြီး A$58 နဲ့ ခလေး A$40 ဖြစ်ပေမဲ့သွားသင့်တဲ့နေရာလေးဖြစ်ပါကြောင်းလက်တို့လိုက်ပါတယ်။